အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2025
ဗုဒ္ဓသာသနာတော် ထာဝစဉ်အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများအဆင်ပြေစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မြို့လုံးကျွတ်ဝါတွင်းကာလဒွါဒသမတန်းအပတ်အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
Sep 28,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 28,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စက်တင်ဘာလ ၂၆ ရက်နေ့က တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
Sep 28,2025
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဌာနမှ ၂၀၂၅ ခုနှစ်၊ (၂၅)နှစ်မြောက်ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်း အမှတ်အဖြစ် ပြည်သူများနှင့်ကျန်းမာရေးဝန်ထမ်းများအား နှလုံးရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ကြီး၌ နှလုံးရောဂါဝေဒနာရှင်များအား အခမဲ့ဆေးဝါးကုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 28,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသထွက်ရာသီစာ ကျွဲ‌ကောသီးများ ယခုနှစ်ပေါ်ဦးပေါ်ဖျားချိန်ကတည်းက စျေးကောင်းရရှိနေတာကြောင့် ခြံပိုင်ရှင်များ အဆင်ပြေကြတယ်လို့ အရောင်းဒိုင်များထံမှ သိရသည်။