Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်ဝန်ထမ်းများအား နည်းပညာပိုင်းဆိုင်ရာများ အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်
Oct 01,2025
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Oct 01,2025
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃ လမ်း၊ ၄၃ လမ်းထောင့် ၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တွင် ရောင်းချသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာပေး သင်တန်းဖွင့်
Oct 01,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (၁၀)မိုင် စိုက်ပျိုးရေး ဥယျာဉ်ခြံတွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းကကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း
Oct 01,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းစည်းဝေးကို စက်တင်ဘာ ၃၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်များ၌ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း အနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ့်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တို့တွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် (၆၁)နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည်။ အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)(ကော့သောင်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်က တပ်ဖွဲ့ဝင်တစ်ဦးချင်းစီအနေဖြင့်လည်း အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရေး၊ စွမ်းရည်ပြည့်ဝရေးနှင့် တာဝန်ကျေပွန်ရေးတို့ကို စဉ်ဆက်မပြတ် ဆက်လက်ခံယူလေ့ကျင့်နေကြမည်ဖြစ်သလို လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း ဥပဒေနှင့်အညီလုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး အကာအကွယ်ပေး စောင့်ရှောက်သွားကြရန်အထူးမှာကြားလိုကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက အမှာစကား ပြောကြားသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးမှ ပေးပို့သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်က ဖတ်ကြားသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Oct 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တိုင်းကျန်းမာရေးဦးစီးမှူး၏ ကြီးကြပ်လမ်းညွှန်မှုအရ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကုန်းတလပေါင်း RHC ပင်မအပိုင် ဝေဠုဝန်လမ်းရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားသော ဗာရာဏသီကျောင်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ပိုးလောက်လန်းကာကွယ်နှိမ်နင်းရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2875
Page
2876
Page
2877
Page
2878
Current page
2879
Page
2880
Page
2881
Page
2882
Page
2883
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department