ကျိုင်းတုံမြို့ ရပ်တော်မူဘုရား၌ စုပေါင်းဆွမ်းလောင်းလှူ

ကျိုင်းတုံ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စုပေါင်းဆွမ်းလောင်းလှူပွဲကို ယမန်နေ့က ရပ်တော်မူဘုရား၌ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်မှူးဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်/ခရိုင်/ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြကြောင်း သိရသည်။                     

ဆွမ်းလောင်လှူပွဲတွင် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်း‌တော်ကြီးကျောင်းတိုက်များမှ ဆရာ‌တော်၊ သံဃာ တော်များ၊ ရှင်သာမဏေများ၊ သီလရှင်များအား စုပေါင်းဆွမ်းလောင်လှူခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်