Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးမှာကြားခြင်းနှင့် မဲစာရင်းများ ကပ်ထားကြေညာရန်အတွက် ပုံစံစာရွက်များ၊ ပစ္စည်းများထုတ်ပေးခြင်း အခမ်း…
Sep 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးမှာကြားခြင်းနှင့် မဲစာရင်းများကပ်ထား ကြေညာရန်အတွက် ပုံစံစာရွက်များ၊ ပစ္စည်းများထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေး
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား ယနေ့နံနက်ပိုင်းကစတင်၍ မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်နှင့်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်…
Sep 28,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်နှင့်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား သွားရောက်ကြည့်ရှု
Sep 28,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်းသည် ယနေ့နေ့လယ်ပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်၌ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများ၏ ကောင်းမှုဖြင့် နေပူခံစကျင်ကျောက်ပြားကပ်လှူခြင်း၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်း သာစွာဘုရားဖူးမြော်နိုင်ရေး ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံများပြန်လည်ပြင်ဆင်နေမှုနှင့် ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့နယ်တွင် ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် ကျေးရွာများတွင် မဲစာရင်းကပ်ထားကြေညာမည့်လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဒေါ်နန်းမျိုးမျိုးအောင်နှင့် နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်း…
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူခရိုင်၌ ယခုနှစ်ဆောင်းသီးနှံမျိုးစုံ ၄၀၉၆၇၇ ဧက လျာထားစိုက်ပျိုးမည်
Sep 28,2025
၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိမြို့နယ်များ၌ ဆောင်းသီးနှံစုံ ၄၀၉၆၇၇ ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်တွင် မဲစာရင်းဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 28,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မဲစာရင်းဆိုင်ရာလုပ်ငန်းစဥ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2870
Page
2871
Page
2872
Page
2873
Current page
2874
Page
2875
Page
2876
Page
2877
Page
2878
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department