တပ်ကုန်းမြို့နယ်၌ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် မဲစာရင်းကပ်ထားကြေညာမည့် လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။ 

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းတို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် မဲစာရင်းများ ကြေညာကပ်ထားရေး၊ မဲစာရင်းထုတ်ပြန်ကြေညာရေး၊  လိုက်နာရမည့်အချက်များနှင့် စနစ်တကျ တာဝန်ခွဲဝေချထားရေး၊ မဲရုံများတွင် ဝန်ထမ်းတာဝန်ချထားမှုအခြေအနေနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ပါတီနိုင်ငံရေးကင်းရှင်းသည့် စေတနာ့ဝန်ထမ်းများ ထပ်မံဖြည့်တင်းရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ များ၊ ရွေးကောက်ပွဲကာလအတွင်း မဲရုံလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျသယ်ဆောင်မည့် အစီအမံများ ကြိုတင်ဆောင်ရွက်ရေးနှင့်အခြားလိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့်  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများက သိလိုသည့်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ နှင့်တာဝန်ရှိသူများက ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာမည့် ကိစ္စရပ်များနှင့် ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာ၊ တောင်းခံလွှာများ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုမဲရုံအလိုက် ပထမအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများထံ စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်