ငွေဆောင် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အား "Clean City, Green City, Smart City" ဖြစ်ပေါ်လာစေရေးအတွက် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းကိုမှ ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငွေဆောင်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပနေစေရန်အတွက် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းကို၏ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များမှ မြို့အဝင်ဆိုင်းဘုတ်နှင့် မြို့အဝင်လမ်းမကြီးလမ်းဘေးဝဲယာတစ်လျှောက်၌ ပလတ်စတစ်အမှိုက်ကောက်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးခြင်းတို့အား ဆောင်ရွက်ခဲ့ကာ မြို့တွင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကိုလည်း နေ့စဥ်အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့အတွင်း အမှိုက်ကင်းစင်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဥ်ဖြင့် နေ့စဥ် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ပေးလျက်ရှိကြောင်း သိရသည်။
R – 014( ငွေဆောင်)