မိုင်းပျဉ်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းမိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ယမန်နေ့ ညနေ(၅)နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ဗိုလ်လုပွဲအဖြစ် ညွန့်ပေါင်းအသင်းနှင့် မြို့မ(က)အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဘောလုံးပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူ၍ တက်ရောက်လာသူအားလုံးတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ဆုချီးမြှင့်ပွဲအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဂုဏ်ပြုမှတ်တမ်းများအား သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသို့ ပေးအပ်ပြီး ဆုရဘောလုံးအသင်းများ၊ အကောင်းဆုံး ရှေ့တန်း၊ နောက်တန်း၊ အလယ်တန်းအားကစားသမားဆုများ၊ ပွဲစဉ်တလျှောက် အကောင်ဆုံးအားကစားသမားဆုနှင့် အသန့်ရှင်းဆုံးဆုရရှိသူများကို ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများတို့က တံခွန်စိုက်ဒိုင်းဆုဖလားနှင့် ဆုတံ/ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲသို့ ဗျူဟာမှူးနှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ၊ ပွဲကြည့်ပရိသတ်များ စုံလင်စွာ တက်ရောက်ကြ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)