ကျောက်ဆည် စက်တင်ဘာ ၂၈
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဌာနမှ ၂၀၂၅ ခုနှစ်၊ (၂၅)နှစ်မြောက်ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်း အမှတ်အဖြစ် ပြည်သူများနှင့်ကျန်းမာရေးဝန်ထမ်းများအား နှလုံးရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ကြီး၌ နှလုံးရောဂါဝေဒနာရှင်များအား အခမဲ့ဆေးဝါးကုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့အခမဲ့ဆေးဝါးကုသခြင်းများကို မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါ အထူးကုဌာနမှ နှလုံးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာကျော်စိုးဝင်း ဦးဆောင်၍ နှလုံးအထူးကု ဆရာဝန်(၆)ဦးနှင့်အတူ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာဝန်းများက ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံးကြီးမှ သမားတော်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြု ဆရာမများနှင့်ပူးပေါင်း၍ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ နှလုံးရောဂါဝေဒနာရှင်များအား ရောဂါရှာဖွေခြင်း၊ စမ်းသပ်ခြင်း၊ ကုသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်