အိမ်မဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ

အိမ်မဲ စင်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲများအား ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက ရွေးကောက်ပွဲဆိုင်ရာအကြောင်း အရာများနှင့်အဖွင့်အမှာစကားများကိုလည်းကောင်း၊ အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မြင့်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ်များကိုလည်းကောင်း၊ အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်ခိုင်ဆွေသက်က မဲစာရင်းပြုစုခြင်းနှင့်ပတ်သက်၍ အကြောင်းအရာများကိုလည်းကောင်း အသီးသီး အကျယ်တဝင့်ပြောကြားခဲ့သည်။

ဆက်လက်ပြီး အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် ဦးဝင်းကိုကိုက မဲစာရင်း ကြေညာခြင်းနှင့် ရပ်/ကျေးကော်မရှင်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊  အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင် ဦးဝင်းကြည်က ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ၊ အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင် ဦးနေဝင်းကြည်က ဖြန့်ဝေထားသည့် ပုံစံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ချစ်သက်လယ်