ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေး

ဒေးဒရဲ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား ယနေ့နံနက်ပိုင်းကစတင်၍ မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပစ္စည်းများကိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များက ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာပေါင်း (၉၃)အုပ်စုအတွက် မဲစာရင်း၊ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင်ရုံး ဗီနိုင်း၊ မဲစာရင်းကြော်ငြာကပ်မည့် ဘုတ်ပြားနှင့် ဆက်စပ်ပစ္စည်းများကို ရပ်ကွက် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း