Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ် ရှင်ငယ်ကျေးရွာတွင် (ပဥ္စမအကြိမ်) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများ ထုတ်ချေး
Aug 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေစားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိရေး၊ ရရှိသောငွေကြေးအရင်းအနှီဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရေး၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ ငွေကြေးအရင်းအမြတ် ရရှိစေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှင်ငယ်ကျကျေးရွာ ပြည်သူများထံသို့ (ပဥ္စမအကြိမ်) ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
Aug 15,2024
မွန်ပြည်နယ်၊ သယံဇာတရေးရာဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် သထုံမြို့နယ်အတွင်း အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှုမရှိရေး ပညာပေးလှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ အသိပညာပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ သုဝဏ္ဏဈေးအရှေ့၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်တွင် ကောက်စိုက်စက်ကြီးများဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို သွားရောက် ကြည့်ရှုအားပေး၊ သုတအလင်း စာကြည့်တ…
Aug 15,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမြင့်စိုးနှင့် ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဝေး-ဥသျှစ်လှိုင်း ကျေးရွာသွားလမ်းရှိ လမ်းဦးစီးဌာန(ကြီးကြပ်ရေးအဖွဲ့)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မဒေါ့ပင်အုပ်စု၊ ဂုဏ်မင်းမြှောင်ကျေးရွာအဝင်၊ တံတားအမှတ်(၃/၇) ယာယီဘေလီတံတား ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တံတားဆောင်ရွက်နေမှုအခြေအနေများကို လမ်းဦးစီးဌာန(ကြီးကြပ်ရေးအဖွဲ့) ညွန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တံတားခိုင်ခံ့ကောင်းမွန်ရေး၊ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်းဆောင်ရွက်
Aug 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၁)နာရီအချိန်က ဗိုလ်တထောင်မြို့နယ် မြို့နယ်သမဦးစီးဌာနတွင် စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်
Aug 15,2024
မဟာအောင်မြေမြို့နယ်၌ အခြေခံပညာကျောင်းများဖြစ်သည့် (ထက်၊ လယ်၊ မူ)ကျောင်းများရှိ ဆရာ၊ ဆရာမများအား အများသူရှေ့ ရဲ့ရင့်မှန်ကန်စွာ ပြောဆိုတတ်စေရန်၊ အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ သြဂုတ်(၁၅)ရက်နေ့ကစတင်၍ အခမ်း အနားမှူးသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုပြုလုပ်
Aug 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီ(၂၀၉၀)ပိဿာ ရောင်းချရေး
Aug 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေ ရန်ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီ(၂၀၉၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 15,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2866
Page
2867
Page
2868
Page
2869
Current page
2870
Page
2871
Page
2872
Page
2873
Page
2874
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department