ပဲခူး စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်းသည် ယနေ့နေ့လယ်ပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်၌ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများ၏ ကောင်းမှုဖြင့် နေပူခံစကျင်ကျောက်ပြားကပ်လှူခြင်း၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်း သာစွာဘုရားဖူးမြော်နိုင်ရေး ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံများပြန်လည်ပြင်ဆင်နေမှုနှင့် ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဂေါပကရုံး၌ ရွှေမော်ဓောစေတီမြတ်ကြီး ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ စေတီတော်မြတ်ကြီး ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုမရှိစေရေး စေတီတော်မြတ်ကြီး၏ ကိုယ်လုံးတော်အတွင်း၌ ကြံ့ခိုင်ရေးပြန်လည် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)