နမ့်စန်မြို့နယ်တွင် ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နမ့်စန်(တ) စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် ကျေးရွာများတွင် မဲစာရင်းကပ်ထားကြေညာမည့်လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဒေါ်နန်းမျိုးမျိုးအောင်နှင့် နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပဆောင်ရွက်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ စက်တင်ဘာ ၂၉ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မဲစာရင်းကပ်ထားကြေညာရန်နှင့် မဲစာရင်းထုတ်ပြန် ကြေညာရာတွင် လိုက်နာရမည့်အချက်များနှင့် စနစ်တကျတာဝန်ခွဲဝေချထားရေး၊ မြို့နယ်တွင်းမဲရုံတာဝန်ကျဝန်ထမ်း တာဝန်ချမှုအခြေအနေနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ ပါတီနိုင်ငံရေးကင်းရှင်းသည့် စေတနာ့ဝန်ထမ်းများ ထပ်မံဖြည့်တင်းတာဝန်ပေးရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့နှင့်ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေ၊ ရွေးကောက်ပွဲကာလအတွင်း မဲရုံလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျ သယ်ဆောင်မည့်အစီအမံများ ကြိုတင်ဆောင်ရွက်ရေးနှင့် အခြားလိုအပ်သည်များ ကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်နန်းမျိုးမျိုးအောင်တို့က ပထမအကြိမ်၊ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာမည့် ကိစ္စရပ်များနှင့် ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာနှင့် တောင်းခံလွှာများအချိန်နှင့်တပြေးညီ ဆက်လက်ဆောင်ရွက်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု မဲရုံအလိုက် ပထမအကြိမ် ကပ်ထားကြေညာမည့်မဲစာရင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျ ထုတ်ပေးခဲ့သည်။

ထို့နောက်တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)