ပန်းတောင်း စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးမှာကြားခြင်းနှင့် မဲစာရင်းများကပ်ထား ကြေညာရန်အတွက် ပုံစံစာရွက်များ၊ ပစ္စည်းများထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးအေးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်အောင်မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ကော်မရှင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက်တက်ရောက်လာသူများအား မဲစာရင်းကပ်ထားကြေငြာရန်အတွက် ပုံစံစာရွက်များနှင့် ပစ္စည်းများအား တာဝန်ရှိသူများမှထုတ်ပေးရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှ လက်ခံရယူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးအေးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း