၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဇလွန် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းနားတွင် အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူလေးများက ပညာရည်ချွန်ဆုနှင်းသဘင် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့​သည်။ ယင်း​​နောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူရကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပြသခဲ့သည့် ဆရာ၊ ဆရာမများ၊ ရာနှုန်းပြည့် အောင်မြင်​သောကျောင်းများနှင့် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုရကျောင်း များနှင့် ၂၀၂၅ ခုနှစ် သဘာဝဘေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရူံးခံစားခဲ့ရသည့် ဒေသများရှိ ရဟန်းသံဃာ ပြည်သူများအတွက် အလှူ​ငွေလှူဒါန်းမူ့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်း လင်းနှင့်တာဝန်ရှိသူများက ဆုများနှင့်ဂုဏ်ပြူမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပညာပန်းခင်းသီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ဝေယံ-ဇလွန်