မိုင်းရယ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် သီတင်းကျွတ်လပြည့်နေ့ သံဃာတော်တို့အား စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မိုင်းရယ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ သီရီမင်္ဂလာစွမ်ဆိုင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးစိုးမင်းအာင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်မိဘပြည်သူများက သံဃာ ၁၈၈ ပါးတို့အား ဆွမ်းဆန်တော်တို့ကို စေတနာသဒ္ဓါတရားထက်သန်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)