ကျောက်ဆည် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက် ရတနာသိမ်ကျောင်းအတွင်းရှိ ပုဂံခေတ်ကတည်ထားကိုးကွယ်ထားသည့် အလိုတော်ပြည့်ဘုရားကြီးတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ည(၇:၀၀)နာရီက ဆီမီး (၃၁၀၀) ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆီမီးများထွန်းညှိပူဇော်ရာတွင် ရတနာသိမ်ကျောင်းဆရာတော်ဘဒ္ဒန္တ ဦးကေလာသဦးစီး၍ နယ်သူ နယ်သား၊ ပြည်သူပြည်သားများစုပေါင်း၍ ဆီမီး(၃၁၀၀)ဖြင့် ဘုရားကြီး၏ ဘွဲ့တော်အမည်ကို ပုံဖော်ကာ ထွန်းညှိပူဇော်ခဲ့ကြောင်းနှင့် အခြားရပ်ကွက်၊ ကျေးရွာများတွင်လည်း အလှူအတန်းနှင့် ကုသိုလ်ကောင်းမှုပြုလုပ်များ၊ ပရိတ်ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိသည်။
သက်မောင်