အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ထွေ/အုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဦးဆောင်၍ မြို့နယ်အား/ကာမှူး ဒေါ်ခင်ကောင်းစံ၊ ရပ်ကွက်(၁၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ  ၇ ရက်နေ့ ညနေ ၁ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို သိုက်တူးကန်ကျေးရွာ ကွင်းအမှတ် ၈၄၈ A၊ ဦးပိုင်အမှတ် ၄၂ /၁ တောင်သူ ဦးမြင့်သောင်း၏ မိုးစပါးစံပြ စိုက်ခင်းတွင် အောက်တိုဘာ  ၈ ရက် နေ့လယ် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရို၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်၌ Young Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပါဟုတ်ကျေးရွာအုပ်စုတွင် မက္ကဒေးမီးယားကိုင်းဖြတ်ပြုပြင်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community-Centre)ခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် ပုံပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 09,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ ၈ ရက်နေ့က သက်ဆိုင်ရာကျေးရွာစုရပ်များ၌ ကျင်းပခဲ့သည်။
Oct 09,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 09,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ (၈/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။