မိုင်းယောင်းမြို့၌ မက္ကဒေးမီးယား ကိုင်းဖြတ်ပြုပြင်ခြင်း သရုပ်ပြပွဲကျင်းပ

မိုင်းယောင်း အောက်တိုဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပါဟုတ်ကျေးရွာအုပ်စုတွင် မက္ကဒေးမီးယားကိုင်းဖြတ်ပြုပြင်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မိုင်းယောင်းရတနာ မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့၏ မက္ကဒေးမီးယား(၁၄၀)ဧက စိုက်ပျိုးအောင်မြင်နေမှု အပေါ် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်ပင်သီးနှံဌာနခွဲ(ရုံးချုပ်)၏ အစီအစဉ်ဖြင့် မက္ကဒေးမီးယား ပညာရှင် ဦးတင်နိုင်ထွန်း(ဦးစီးအရာရှိ)နှင့်အဖွဲ့မှ မက္ကဒေးမီးယား ကိုင်းဖြတ်ပြုပြင်ခြင်းကို လက်တွေ့နည်းပညာ မျှဝေပေးသည်။

အဆိုပါ မက္ကဒေးမီးယား ကိုင်းဖြတ်ပြုပြင်ခြင်း သရုပ်ပြပွဲကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့်ဝန်ထမ်းများ၊ မက္ကဒေးမီးယားလုပ်ငန်းရှင်နှင့်လုပ်သားများတက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်း‌အောင်ဇော်လင်း