Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်မြို့နယ်၌ မြို့မဈေးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်…
Oct 09,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ်သူ မဲဆန္ဒရှင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက မြို့မဈေးထိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့၌ (၆၅) ကြိမ်မြောက် သံဃာ့ဂိုဏ်းပေါင်းစုံမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနား ကျင်းပ
Oct 09,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၆၅) ကြိမ်မြောက် သံဃာ့ဂိုဏ်းပေါင်းစုံမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇီးကုန်းလေးရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (Book Club) စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (Book Club) စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ ကပ္ပတိန်သာစိန် ရေးသားသည့် “ဘဝခရီးသွားလူငယ်များသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၈ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်
Oct 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက် (၉)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်ကလေးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံပွဲပြုလုပ်
Oct 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူး၍ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်လှစ်
Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူး၍ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း နည်းပြသင်တန်းနှင့်စက်ကိုင်သင်တန်း ဖွင့်လှစ်
Oct 09,2025
ကသာမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း နည်းပြသင်တန်းနှင့် စက်ကိုင်သင်တန်းတို့ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ် အမှတ်(၂၃)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ်(၂၃)ရပ်ကွက် သိမ်ချောင်းလမ်းသွယ်၌ ယမန်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန်တွင် အကျယ် (၂၀×၆၀) သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း (၂)ထပ်လူနေအိမ် (၁)လုံး သီတင်းကျွတ်မီးထွန်းရာ အနီးရှိ အဝတ်အထည်များသို့ ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2715
Page
2716
Page
2717
Page
2718
Current page
2719
Page
2720
Page
2721
Page
2722
Page
2723
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department