ကိုကိုးကျွန်းမြို့နယ်၌ Young Club စာဖတ်ဝိုင်း ကျင်းပ

ကိုကိုးကျွန်း အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရို၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်၌ Young Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးထွန်းထွန်းဇော်မှ  ယခုလို Club အသင်းအဖွဲ့များနှင့် အပတ်စဉ် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။            

ထို့နောက် စာရေးဆရာကျော်ဦးရေးသားသော “စွမ်းအင်နှင့်ဝန်းကျင်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုစတင်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ “ရေစီးမှလျှပ်စီးသို့”ခေါင်းစဉ်၊ “လေအဟုန် လျှပ်စီး”ခေါင်းစဉ်များဖြင့် စတင်ဦးဆောင်ဖတ်ရှုဆွေးနွေးခဲ့ပြီး တက်ရောက်လာသော Young Club အသင်းဝင်အဖွဲ့မှ မောင်မင်းမင်းမှ သုံးပင်လိမ်အရင်းအမြစ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စိုးစိုးမှ မသုံးဘဲနှင့်ကုန်နေသည်များ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ရှုဆွေးနွေးခဲ့ကြပြီး ကျန်အဖွဲ့ဝင်များမှ အဆိုပါစာအုပ်ပါ အခြားခေါင်းစဉ်များကို အပြန်အလှန်ဖတ်ရှုဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)