သာကေတ အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ထွေ/အုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဦးဆောင်၍ မြို့နယ်အား/ကာမှူး ဒေါ်ခင်ကောင်းစံ၊ ရပ်ကွက်(၁၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၇ ရက်နေ့ ညနေ ၁ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ (၈-၁၀-၂၀၂၅) ရက်နေ့တွင် မြို့နယ်အားကစားကွင်း၌ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ရန် စီစဥ်ထားရှိမှုကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် သက်မှတ်လျာထားဦးရေပြည့်မီရေး၊ ဥပဒေနှင့်အညီဖြစ်စေရေး ဆောင်ရွက်ကြ ရန်ကိစ္စ၊ မဲဆန္ဒရှင်စာရင်းများတွင် ရက်ပေါင်း(၁၈၀)နှင့်အထက် ရောက်ရှိနေထိုင်သူများအား မဲစာရင်းပါရှိစေရေးပုံစံ(၃က)ဖြင့် လျှောက်ထားနိုင်ရေးကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ရန်၊ ရွေးကောက်ပွဲအသိပညာပေး ပိုစတာများအား မြကန်သာပန်းခြံရှေ့နေရာ၊ ဧရာ၀ဏ်လမ်းနှင့် အတွင်းရှုခင်းသာလမ်းထောင့်နေရာတို့တွင် စိုက်ထူနိုင်ရေးလိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ကြရန်ကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်အား/ကာမှူးဒေါ်ခင်ကောင်းစံမှ ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို အသေးစိတ် ဆွေးနွေးတင်ပြခဲ့ပါကြောင်း သိရသည်၊၊
သဲထက်ဇင်(ပြန်/ဆက်)