ကျွန်းလှ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ ၈ ရက်နေ့က သက်ဆိုင်ရာကျေးရွာစုရပ်များ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်က အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် စမ်းသပ်ပေးမှုအဆင့်ဆင့်တို့ကို ရှင်းလင်း၍ ကျေးရွာနေ ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးကြသည်။
မျိုးဝင်းညို(ကျွန်းလှ)