အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်အား ရဟန်းရှင်လူပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ အစဉ်အလာမပျက် အပူဇော်ခံပွဲဆင်ယင်ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Sep 16,2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ယမန်နေ့ ညပိုင်းအချိန်တွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 16,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
Sep 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် (၉)ခွဲနာရီအချိန်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
Sep 16,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈) နာရီခွဲအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
Sep 16,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးရမည့် ကျောင်းသား၊ ကျောင်းသူများ ဖွဲ့စည်းပုံအခြေခံဉပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဉပဒေဆိုင်ရာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောဆွေးနွေးခြင်းကို စက်တင်ဘာ ၁၁ ရက်၊ မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၆)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 16,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာတွင်ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုအန္တရာယ်နှင့် ရေတိုက်စားမှုကြောင့် မြေပြိုကျမှုအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်နှင့် လိုအပ်သော ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မုန်းချောင်းဘေးတစ်လျှောက်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။