ကိုကိုးကျွန်းမြို့နယ်တွင် ပုံပြောပြိုင်ပွဲ ကျင်းပ

ကိုကိုးကျွန်း အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community-Centre)ခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် ပုံပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ပြိုင်ပွဲများပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာအတတ်ပညာများ၊ အတွေ့အကြုံဗဟုသုတများရရှိစေရန် ပြိုင်ပွဲများကို ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဌာနမှပြုလုပ်ပေးသည့် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း၊ လူငယ်များ ပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် စကားပြောစွမ်းရည်နှင့် အများရှေ့တွင် ရဲဝံ့စွာပြောဆိုနိုင်သည့် အလေ့အကျင့်ကောင်းများရှိလာပြီး ထူးချွန်ထက်မြတ်သည့် လူငယ်များဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပုံပြောပြိုင်ပွဲကိုကျင်းပရာ ခေတ်သစ်ပုံပြင်များ စာအုပ်မှ မေမေပြောသောပုံပြင်များ ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ရာ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၂)ဦးရှိကြောင်း သိရသည်။ အဆိုပါပုံပြောပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင်သူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)