အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.လ.က ချောင်းသာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
မွန်ပြည်နယ်အနေဖြင့် (၂၃)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမသို့ ရောက်ရှိခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အနုပညာရှင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးနှုတ်ဆက်ခဲ့ကာ မဟာဇာနက္ကဇာတ်တော်ကြီး ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Sep 19,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် မြင်းခြံဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
Sep 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူပြည်သူများအတွက် ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းနှင့် စားသုံးဆီ(၅၀)ကျပ်သားလျှင် (၃၆၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Sep 19,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ကုန်းစီးရေဝင်ရောက်မှုနှင့် တောင်ကျချောင်းရေများ ဝင်ရောက်မှုတို့ကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းပိုင်းများတွင် ကျေးလက်နေပြည်သူများ လတ်တလောသွားလာရေး အဆင်ပြေစေရန် ကျောက်ရောမြေခင်းခြင်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 19,2024
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ချုပ်ရေး အဖွဲ့များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
Sep 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို၊ လေးရွာအခြေခံပညာအထက်တန်းကျောင်း  စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ယာယီရေဘေးရှောင်ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီက အဝတ်အထည်နှင့် ရေသန့်ဘူးများ ထောက်ပံ့ပေးခဲ့သည်။