Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲကျင်းပ
Oct 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ကော်ဖီပျိုးပင် ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက တန့်ငူကျေးရွာ အုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ၊ အောင်တော်မူသာသနာ့ရောင်ခြည် ကျောင်းဝန်းမြေ (၁) ဧက ပေါ်တွင် စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ
Oct 10,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်း သား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် စပါယ်တောကျေးရွာတွင် မိုးသီးနှံပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်း
Oct 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးမိုးသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ စပါယ်တောကျေးရွာတွင်မိုးပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ် ကတ်ထိုက်-လွယ်ပန်တောင်း-အင်ဂိုလုံ ကျေးရွာမြေလမ်းဆောင်ရွက်
Oct 10,2025
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံ မြေလမ်း ၃၃/၅ မိုင်ပေါ်တွင် ၀/၄ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ အား အောက်တိုဘာ ၈ ရက်က ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ တစ်နိုင်တစ်ပိုင်မြေပဲဆီနှင့် နှမ်းဆီကြိတ်ခွဲခြင်းဖြင့် မိသားစုလုပ်ငန်းအဆင်ပြေ
Oct 10,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာများကို ဒေသခံတောင်သူများအနေဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသည့်အလျောက် အဆိုပါ ဆီထွက်သီးနှံများကို ကြိတ်ခွဲပေးကြသည့် တစ်ပိုင်တစ်နိုင် ဆီကြိတ်စက်လုပ်ငန်းများ ဝင်ငွေကောင်း၍ မိသားစုလုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့တွင် ပုရိမဝါမှထမြောက်သော သံဃာတော်အရှင်မြတ်တို့အား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပ
Oct 09,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၅ ရက် အဘိဓမ္မာအခါတော်နေ့တွင် ပုရိမဝါမှထမြောက်သော သံဃာတော်အရှင်မြတ်တို့အား ပူဇော်ကန်တော့ခြင်းအခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့က မက်မန်းမြို့ အမှတ်(၂)ရပ်ကွက်၊ ပညာဒီပဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ
Oct 09,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ဖတ်/မှတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာဝန်ခံ ဦးမျိုးမောင်တို့သည် ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့အတူ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို အောက်တိုဘာ ၇ ရက် ကျိုင်းတုံမြို့စည်ပင်သာယာခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2692
Page
2693
Page
2694
Page
2695
Current page
2696
Page
2697
Page
2698
Page
2699
Page
2700
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department