ချောင်းဆုံမြို့နယ်၌ အလွတ်တန်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ  ဆက်လက်ကျင်းပ

ချောင်းဆုံ  အောက်တိုဘာ  ၁၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော  အလွတ်တန်း ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ အောက်တိုဘာ (၁) ရက်နေ့က မြို့နယ်မီတာ (၄၀၀)အားကစားကွင်း၌ စတင်ကျင်းပလျက်ရှိရာ အောက်တိုဘာ(၉)ရက်နေ့ ညနေပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် PHOENIX FC အသင်းနှင့် EAGLE HOME FC အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ EAGLE HOME FC အသင်းမှ (၆)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး   ၂၀၂၅ ခုနှစ် အလွတ်တန်းဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အသင်း (၁၀) သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ အောက်တိုဘာ(၁) ရက်နေ့မှ (၂၅)ရက်နေ့အထိ  (၂၃)ရက်ကြာ ကျင်းပသွားမည့်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို အောက်တိုဘာ (၂၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)