ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ဆီဆိုင်မြို့နယ် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ တက်ရောက်

ဆီဆိုင် အောက်တိုဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် () သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့  တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း(ဆိုက်ခေါင်) ကျောင်းအုပ်  ဒေါ်ခင်စန်းဝင်းက သင်တန်းဖွင့်လှစ်ခဲ့မှုမှတ်တမ်းအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ထူးခွန်ဆုရရှိသည့် သင်တန်းသူတစ်ဦးကို သင်တန်းထူးချွန်ဆုအား လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသူများကို သင်တန်းဆင်းအောင်လက်မှတ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့သည်  သင်တန်းကျောင်းမှ ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ကြပြီးနောက်  သင်တန်းသူများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်သန်းကာလမှာ မေလ ၁၂ ရက်နေ့မှ အောက်တိုဘာလလ ၁၀ ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြာင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)