ကလေး အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က စိုက်ပျိုးသီးနှံများ ပန်းတိုင်အတွက်နှုန်းရရှိစေရန် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် အခက်အခဲမရှိစေရေးအတွက် မျိုး၊ ရေ၊ မြေ၊ နည်းနှင့် စိုက်ပျိုးရေးသွင်းအားစုများကို ပေးအပ်လျက်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေကြွယ်ဝင်းက တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် ကလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တောင်သူများထံ ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ရာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ကလေးမြို့တွင် မိုးစပါးစိုက်ပျိုးရန် (၁၂၇၈၄၇) ဧက လျာထားပြီး စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီမှ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူပညာပေးသင်တန်းများနှင့် ကွင်းဆင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ပြီး အဆိုပါ အခမ်းအနားသို့ ကလေးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)