ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့်ပန်းချီပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရွေးချယ်ခြင်း (သန်လျင်)၌ ကျင်းပ

သန်လျင် အောက်တိုဘာ ၁

ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပန်းချီပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရွေးချယ်ခြင်းကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း  ယုဇနဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ ခရိုင်အဆင့် ဆုရွေးချယ်ပွဲတွင် သန်လျင်ခရိုင်အတွင်းရှိ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊သုံးခွ မြို့နယ်များမှတစ်မြို့နယ်လျင် ထက်၊လယ်၊ မူ(၁၅)ဦး ရွေးချယ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၆၀)ဦးတို့အား ခရိုင်အဆင့် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရွေးချယ်ခြင်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များကလှည့်လည်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီ လိုအပ်သည်များကိုတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)