Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရမည်းသင်းမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေး ဟောပြော
Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော် ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်း ရေဘေးသင့် မိုးရေကြီးပြီး ရေကြီးရေလျှံဖြစ်ကာ ရေနစ်မြုပ်ခြင်း၊ ရေဝင်ခြင်းများ ဖြစ်ခဲ့သော ရပ်ကွက်၊ ကျေးရွာ (၆၆) နေရာတို့တွင် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့(၆)ဖွဲ့မှ ကျန်းမာရေးဝန်ထမ်းကျန်းမာရေး ဝန်ထမ်း(၇၅)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်ခံခဲ့ရသည့် ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသည့်လုပ်ငန်းများ ကွင်းဆင်းကြည…
Sep 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ (၁၁) ရက်မှ (၁၂) ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး နဝင်းချောင်းရေလျှံမှုကြောင့် နဝင်းချောင်းဘေး ဝဲ၊ ယာတွင် ရှိသော ရေဘေးသင့်ခံခဲ့ရသည့် ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ နေပြည်တော် MSME အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Sep 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ထွေ/အုပ် ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ
Sep 23,2024
"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် (၁၂)ရက်တာသင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ကွမ်းခြံကျေးရွာလမ်း ပြုပြင်နေမှုမျ…
Sep 23,2024
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများ၊ မြို့ရှောင်လမ်းမှ ကွမ်းခြံကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းပျက်စီးမှုများအား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ခဲ့သော ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ အလှူရှင်များက ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ခဲ့သော ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် ရေဘေးသင့်ပြည်သူများအား မရှိခဏဆရာတော်ဦးဆောင်၍ ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရေဘေးသင့်ပြည်သူများအား မရှိခဏဆရာတော်ဦးဆောင်၍ ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်းမှ ယမန်နေ့နံနက် ၁၀ နာရီက ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်
Sep 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေပြန်ကျသွားသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2670
Page
2671
Page
2672
Page
2673
Current page
2674
Page
2675
Page
2676
Page
2677
Page
2678
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department