ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် လျှော့ချရေးနေ့ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ အောက်တိုဘာ ၁၃

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် လျှော့ချရေးနေ့ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်ခဲ့သည်။

ဦးစွာမန္တလေးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Mr.Antonio Guterres ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် လျှော့ချရေးနေ့အတွက် ​ပြောကြားသည့် အမှာစကားအား Video clip ပြသခဲ့သည်။

ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် လျှော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်း Video clip ပြသခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

ချမ်းမြေ့မောင်