မြစ်သား အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၄) စက်မှုလယ်ယာစခန်းမှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ စက်မှုလယ်ယာစခန်းသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမိုးကျော်က တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်အသုံးပြုနိုင်စေရန်၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်း လုပ်ငန်းကို ဒေသအလိုက်အသက် မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ်လုပ်ကိုင်နိုင်ကြစေရန်နှင့် ပုဂ္ဂလိကလယ် ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လယ်ယာသုံးစက်ကိရိယာအပိုပစ္စည်းရောင်း ဝယ်ရေး အောင်ဆက်မွန်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ (ကိုယ်စား)ဦးဖြိုးသျှန်မောင်က တက်ရောက်လာသည့် သင်တန်းသားများကို ထွန်စက်၊ရိတ်သိမ်းခြွေလှေ့စက်နှင့် ပက်သက်သည့်စက်အပိုပစွည်းများကို စျေးကွက်အတွင်း သင့်တင့်စျေးနှုန်းနှင့်အရေးအသွေးကောင်းမွန် သောပစ္စည်းများကို စက်ပိုင်တောင်သူများစိတ်ချမ်းမြေ့ စွာရွေးချယ်ဝယ်ယူသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး (ဦးစီးအရာရှိ) ဦးထွန်းထွန်းလင်းက သင်တန်းသား(၂၅)ဦး ကိုယ်စားသင်တန်းသားတစ်ဦးအား သင်ထောက်ကူ ပစ္စည်းများကိုပေးအပ်ခဲ့သည်။ ထို့နောက်သင်တန်းနည်းပြ(၇)ဦးမှ လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှုသင်ခန်းစာများကို စာတွေ့လက်တွေ့သင် ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ(၁၃)ရက်နေ့ မှ(၂၄)ရက်နေ့အထိ သင်တန်းကာလ(၁၂)ရက်ကြာ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု ဘာသာရပ်(၆)မျိုးဖြစ်သော အင်ဂျင်ဘာသာရပ်၊ လက်တွန်းထွန် စက်ဘာသာရပ်၊ထွန်စက်ကြီးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက်ဘာသာရပ်၊ ကောက်စိုက်စက်ဘာသာရပ်နှင့် ထွန်ယက်ကိရိယာများဘာသာရပ်များကို သင်တန်းသား (၂၅)ဦးအား သင်တန်းသားတစ်ဦးချင်းစီ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)