ကြံခင်း အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောင်ပွဲကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို (ပထမအကြိမ်) ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့ထိ ထပ်မံရက်တိုးမြှင့်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး ၃၅ ရုံးတွင် (ပထမအကြိမ်)အဖြစ် ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး၊ မိမိ၏အမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းနိုင်ရေး၊ စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေး၊ အချက်အလက်များမှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကော်မတီအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြသည်။
ထို့သို့ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒေသခံပြည်သူများ မဲဆန္ဒရှင်စာရင်းများအား လာရောက်ကြည့်ရှုနေမှုနှင့် အမည်စာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ တိကျမှန်ကန်စေရေးအတွက် ကြံခင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)