Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မက်မန်းမြို့နယ် ရောင်အူ(ဝ)ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ် တည်ဆောက်နိုင်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Sep 23,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ရောင်အူ(ဝ)ကျေးရွာတွင် နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက်ပံ့ ငွေ ကျပ်သိန်း (၁၅၀)ဖြင့် မက်မန်းမြို့နယ်၊ ရောင်အူ(ဝ)ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်အဆောက်အအုံ ဆောက်လုပ်မည့်မြေနေရာတွင် ယမန်နေ့က ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေးဆောင်ရွက်
Sep 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေး၊ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ရည်ရွယ်၍ အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီက လူစည်ကားရာနေရာများမှာ ဌာနတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် ခရိုင်ပေါင်းစုံ အသက် (၂၀) နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ
Sep 23,2024
၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် ခရိုင်ပေါင်းစုံ အသက် (၂၀) နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသ
Sep 23,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် လမ်းသွားလမ်းလာပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူရေးအကြောင်းများကို သိရှိစေရန် (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ နှစ် (၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရေဝင်ရောက်ခဲ့သည့် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းသန့်ရှ…
Sep 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်ခဲ့သည့် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်
Sep 23,2024
ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေဘေးသင့်ပြည်သူများအား ဆန် ၊ ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မိုဃ်းကောင်းဘုရားကြီးဓမ္မာရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “လွိုင်ကော်မြို့ရေကြီးရေလျှံ ဖြစ်ပေါ်မှုများသည် စူပါတိုင်ဖွန်း မုန်တိုင်း (YAGI) နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခဲ့သောရေများသည် ပြည်နယ်အတွင်းရှိ ချောင်းလက်တက်များ၊ မိုးဗြဲရေလှောင်တမံမှတစ်ဆင့် ဘီလူးချောင်းအတိုင်း လွိုင်ကော်မြို့နယ်အတွင်းသို့လည်းကောင်း ဝင်ရောက်ခဲ့သဖြင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း၊
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာများမှ အာဟာရ ကျွေးမွေးလှူဒါန်း
Sep 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကျောင်းကို သီရိမင်္ဂလာအုဋ်ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့မှ သက်သာသောနှုန်းထားဖြင့် စားသုံးဆီများရောင်းချပေးနေမှုများ၊ ကယ်ဆယ်ရေးသုံးလှေနှင့်ပစ္စည်းများ လွှဲပြောင်းပေးခြင်းနှင…
Sep 23,2024
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်က သက်သာသောနှုန်းထားဖြင့် ပြည်နယ်အစိုးရအဖွဲ့မှကြပ်မတ်ရောင်းချပေးသည့် သီရိမင်္ဂလာဈေး၊ လောဓမ္မ၊ နမ့်ဘော်ဝမ်(က)၊ နမ့်ဘော်ဝမ်(ခ)၊ ဒေါတမရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်(၇)ဆိုင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2667
Page
2668
Page
2669
Page
2670
Current page
2671
Page
2672
Page
2673
Page
2674
Page
2675
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department