သံဖြူဇရပ် အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်သာယာရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က သင်တန်း အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ကို နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလုပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ၊ နိုင်ငံပိုင်ပုဂ္ဂလိကပိုင် အဆောက် အဦများ၊ ကုန်ထုတ်အရင်းအနှီးများနှင့် စက်ရုံအလုပ်ရုံများ၏ မီးဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ရန် သဘာဝဘေးအလျောက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်အရန်အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်းပြီး မွန်မြတ်တဲ့ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားတာဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်ရဲဘော်တို့ဟာ လူမှုရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း လက်တွေ့ဆောင်ရွက်နေသူများဖြစ်သည်နှင့်အညီ တပ်ဖွဲ့အသွင်ဖြင့်ဖွဲ့စည်းထားရှိပြီး စည်းကမ်းလိုက်နာတတ်မှု၊ အမိန့်နာခံတတ်မှုစသည့် အလေ့အကျင့်ကောင်းများနှင့်အတူ လူထုအသိုင်းအဝန်းတစ်ခုလုံး၏ အကျိုးကိုရှေးရှု ဆောင်ရွက်တတ်သည့် အရည်အသွေးကောင်းများ ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအနက် မီးဘေးအန္တရာယ်သည် အများဆုံး ဖြစ်ပြီး မီးသတ်လုပ်ငန်းများသည် တစ်ဦးချင်းဆောင်ရွက်ရသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ အစုလိုက်အဖွဲ့လိုက် အားကျိုးမာန်တက်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ကြောင်းနှင့် သင်တန်းသားအနေနှင့် ယခုသင်တန်းပြီးဆုံးသွားသည့်အခါ မိမိတို့သင်ကြားထားသည်များကို လက်တွေ့နယ်ပယ် တွင် ပြန်လည်အသုံးပြုနိုင်ရေး ပြောကြားသည်။
ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းသား(၅၀)အား တူညီဝတ်စုံများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်ကပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို အောက်တိုဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ စာတွေ့လက်တွေ့သင်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)