ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံး၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း၊ (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၊ သင်တန်းခန်းမတွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း၊ (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အဖွဲ့ဝင် ဦးကျော်အောင်၊ မြို့နယ်လဝကဦးစီးမှူး ဦးဖြိုးဝေအောင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်၊ ခရိုင်ကြက်ခြေနီ တပ်ခွဲမှူး ဦးကျော်မြင့်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ၊ စုစုပေါင်း(၇၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။၊ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာက သင်တန်းနှင့်ပတ်သက်၍ သင်ကြားပို့ချမည့် သင်ခန်းစာများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာမှ သင်တန်းသားများအား အရန်မီးသတ်ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား မြဝတီရပ်ကွက် အရန်မီးသတ်တပ်ခွဲမှူး ဦးဇော်မင်းမှ လက်ခံရယူခဲ့ပြီး သင်တန်းအား ၂၀၂၅ အောက်တိုဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ သင်တန်းသား(၅၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)