အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2025
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအလိုက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၂၀ ရက်အထိ ထပ်တိုးကြေညာထားမှုအား ပြည်သူများလာရောက်ကြည်ရှုခြင်းနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာ‌နေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဟူသည့် ဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့်အခမ်းအနားများကို အောက်တိုဘာ ၁၂ ရက်တွင် အမြို့မြို့အနယ်နယ်၌ ဆောင်ရွက်ကြောင်း သိရသည်။
Oct 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉)နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
Oct 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်/ မိုးရေသောက်စနစ်ဖြင့် မိုးသီးနှံမျိုးစုံစိုက်ပျိုးထားရာ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မှိုင်းပန်ကျေးရွာ၌ တောင်သူဦးမြင့်မွှေးစိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Oct 13,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံး၏ အစီအစဉ်ဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲကို၊ ယနေ့ နံနက်(၈:၃၀)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး အပေါ်ထပ်တွင် ပြုလုပ်ခဲ့သည်။
Oct 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ဌာနဆိုင်ရာများနှင့် ရတနာမိုးပါရမီရှင်များ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့၊ လယ်ဝိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 13,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံ၍ မဲစာရင်းမှန်ကန်မှု ရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ သိကောင်းစရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နမ့်နန်း(ရှမ်း)ကျေးရွာ၌လည်းကောင်း၊ မွန်းလွှဲပိုင်းက ပါလောင်းကျေးရွာ၌လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 13,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ရည်ညွှန်းသတ်မှတ်ကာလပေါက်စျေးထက် စျေးနှုန်းလျှော့ချ၍ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက  စျေးမရပ်ကွက်၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ရောင်းချခဲ့ကြောင်း သိရသည်။