အမြို့မြို့အနယ်နယ်သတင်းများ

Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ရေဝင်နစ်မြုပ်ခဲ့သော ရပ်ကွက်/ကျေးရွာများ၌ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြည်သူများပူးပေါင်း၍ နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 23,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်း​သော ဆွမ်းဆန်အိတ်များကို ​ကေ့ာကရိတ်မြို့​ပေါ်ရှိ ဘုန်း​တော်ကြီး​ကျောင်းများသို့ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေါနခန်းမတွင် ကျင်းပပြုလုပ်ရာ ပင့်ကျောင်းသံဃာတော်များ၊  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။
Sep 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးကြီး ဦးနေဝင်းအောင်သည် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ထိုးဆင်း၊ တိုက်စားမှုကြောင့် မဲနယ်တောင်ဒေသရှိ စံဖူး-နမ့်ခုတ်-ရွာသစ်လမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် တောင်ပြိုမြေဖယ်ရှားရှင်းနေမှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 23,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် မကျီးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပန်းလောင်မြစ်ရေဝင်ရောက်မှုတို့ကြောင့် လမ်းကြောင်းပြတ်တောက်ပျက်စီးသွားသည့် ကျေးလက်လမ်းများအား ကျေးလက်နေပြည်သူများ လတ်တလော သွားလာရေး အဆင်ပြေစေရန် မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 23,2024
မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ရာဂီမုန်တိုင်းအကြွင်းအကျန်မိုးတိမ်များကြောင့် စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှု‌များ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှောင့်နှေးမှုမရှိစေရန် စက်တင်ဘာ ၂၁ ရက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေများဝင်ရောက်မှုကြောင့် လယ်ယာမြေများတွင် ရေများဝင်ရောက်ခဲ့ရာ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သော စပါးသီးနှံ စိုက်ခင်းများ ပြန်လည်ပြုစုထိန်းသိမ်းရာတွင် ဆောင်ရွက်ရမည့်နည်းများအား အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနှင့် သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 23,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ် ဇေးဗီးယဲကက်သလစ်ဘုရားရှိခိုးကျောင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုသွားရောက်တွေ့ဆုံခဲ့သည်။