ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်း အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တက်ဆိပ်ကျောင်း၌ ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တက်ဆိပ်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဇင်မာဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်ကကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့် ရည်မှန်းချက်ခေါင်းစဥ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ဓာတ်ပုံကျွမ်းကျင်- ဦးခင်မောင်မြင့်က ဦးနှောက်ဖြင့် ဖွံ့ဖြိုးတိုးတက် သောနိုင်ငံခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ်၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနည်းပြ၊ နည်းစနစ်မှူး ဦးဝေယံထွန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် လည်းကောင်း၊ ရေကြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးမင်းလတ်က လူငယ်နှင့်အစားအသောက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးခင်မောင်သန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)