အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2021
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက် အကြောင်းအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက် ၁၀နာရီက အဆိုပါ ဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
Jun 24,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ အုန်းတောဘုန်းကြီးကျောင်း၌ မြိုင်ကြီးငူအထူးဒေသမှ စစ်ဘေးလာရောက် တိမ်းရှောင်နေကြသည့် တိုင်းရင်းသားပြည်သူများအနက်မှ အသက် (၁၈)နှစ် ပြည့်ပြီးသူများအား ယနေ့နံနက် ၈ နာရီအချိန်မှ၍ ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
Jun 24,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းကို ဇွန်(၂၂)ရက် နံနက်(၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကြာကြီးကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် နှစ်နေရာခွဲ၍ ဖွင့်လှစ် ခဲ့သည်။
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jun 24,2021
နွေစပါးရွှေသွယ်ရင်း မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစံကွက် စတင်ရိတ်သိမ်းခြင်းကို ဇွန်လ ၂၃ရက်နေ့ နံနက် ၉နာရီက မန္တလေး၊ အမရပူရမြို့နယ် ဆောက်တောဝကျေးရွာ ကွင်းအမှတ်(၅၈၀)ဦးပိုင်အမှတ်၆၀ ဃ/၁တွင် စတင်ရိတ်သိမ်းခဲ့သည်။
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့​၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းကပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
Jun 24,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်  ၁၀ နာရီတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ဒေသခံပြည်သူများထံ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 24,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများသည် အပတ်စဉ် Mobile Library ထွက်ရှိခြင်းနှင့် ၂၀၂၁ ခုနှစ် ၊ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယနေ့ နေ့လည် ၁၁ နာရီက ရုံးဌာနများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။