Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုပုံးမြို့နယ် လုံဟေးကျေးရွာအုပ်စု၊ ထမ်းဘုရားကျေးရွာဘုန်းတော်ကြီးကျောင်း ရေစက်ချပွဲ အခမ်းအနားကျင်းပ
Jun 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ ကျောင်းဆောင်သစ် ဆောက်လုပ်ခဲ့ပြီးဖြစ်ရာ အဆိုပါဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ်အား ရေစက်ချ တရားနာ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လုံဟေးကျေးရွာအုပ်စု၊ ထမ်းဘုရား ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ပြည်သူများ၏ကျန်းမာရေးအတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိ
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီ အသင်း (အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ…
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁ ဦးတွေ့ရှိ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် သပြေကုန်းကျေးရွာမှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ သွားရောက်ခဲ့သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးသည် ကိုဗစ်-၁၉ ရောဂါ လက္ခဏာဖြစ်ပေါ်လာသဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ရေတာရှည် မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် Test kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ ရှိခဲ့ပြီး အတူနေသားဖြစ်သူအား စစ်ဆေးရာပိုးတွေ့ရှိမှုမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စာဖတ်ဝိုင်းကျင်းပ
Jun 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရရှိသော အသိ အမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကော့ကရိတ်မြို့နယ် စာရေးဆရာ အသင်းနှင့် (Womem Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားထားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်တို့ ပေါင်းစပ်ကာ ဗောဓိပင်ကျောင်းတိုက်ရှိ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်
Jun 24,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များနှင့် သီလရှင်ကျောင်းများရှိ သီလရှင်များကို နေ့ဆွမ်းများ ဆပ်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ် ရပ်ကွက်ရှိ ဗောဓိပင်ကျောင်းတိုက်မှ ဆရာတော် သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်တို့ ပေါင်းစပ်ကာ နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26700
Page
26701
Page
26702
Page
26703
Current page
26704
Page
26705
Page
26706
Page
26707
Page
26708
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department