အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအဆင်ပြေစွာ နေထိုင်နိုင်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင်(၆ခန်းတွဲ၊၄-ထပ်) ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယ‌မန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြိတ်မြို့မှ ပိုးတွေ့ လူနာနှင့် ဆက်စပ်သူများအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ ထွေအုပ်ဝန်ထမ်း(၁)ဦးနှင့် မိသားစုဝင်(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးထံမှ သိရသည်။
Jun 24,2021
  ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု Community Centre တွင် ဝန်ထမ်းများအား စာပေဗဟုသုတနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီက မြန်မာ့အလင်း သတင်းစာပါ ဆောင်း ပါးများကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Jun 24,2021
တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၁)ရပ်ကွက်တွင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Jun 24,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ လူစည်ကားရာနေရာများ ဖြစ်သော သံလွင်ဦးမြို့မစျေးဝင်း၊ ကားဂိတ်နှင့်မြို့တွင်းလမ်းဆုံနေရာများတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြင့် ယနေ့နံနက် ( ၉)နာရီတွင် ပြည်သူများအား နှာခေါင်းစည်း mask များကိုအခမဲ့ဖြန့်ဝေပေးခဲ့သည်။
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုး သမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။
Jun 24,2021
ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်(၁၁)နာရီခန့်တွင် မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများအရောက် မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ ဖြန့်ဝေခဲ့သည်။
Jun 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှုမဖြစ်ပေါ် စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် အတွက် ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို အပါတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၁၆)ရပ်ကွက် ​ မြောက်​မြင်းပြိုင်ကွင်းလမ်း ရှိရေမြောင်းများအတွင်း အမှိုက်များ၊ နုံးများ ဆယ်ယူရှင်းလင်းနေမှုနှင့် လူသွားစင်္ကြံပေါ်တွင် ကျန်ရှိ သည့်သဲများ၊ နုံးများ ပြန်လည်ဆေးကြောနေမှု လုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်း ရှင်းလင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။