Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြစ်ကြီးနားမြို့တွင် လူနေဆိုင်ခန်း တစ်ခန်း ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Jun 24,2021
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ အောင်ဆန်းလမ်းနှင့် စိမ်းမြဧရာလမ်းထောင့်ရှိ လူနေဆိုင်ခန်းတစ်ခန်း ဝါယာကြိုးအပူလွန်ကဲရာမှ ယနေ့ နံနက်(၈)နာရီ(၁၀)မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော် ၌ “အောင်သုခ” ပဋ္ဌာန်းဓမ္မာရုံရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Jun 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ ကိုးနဝင်းအောင် စင်္ကြာစေတီကုန်းပေါ်တွင် ဗုဒ္ဓသာသနာရောင်ဝါထွန်းလင်းစေရန် ရည်ရွယ်၍ ချင်းရွှေဟော်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း တိုက်၊ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်၏ ဦးဆောင်မှုဖြင့် လောက်ကိုင်မြို့နယ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထွန်းထွန်းမြင့် မိသားစုနှင့် စေတနာရှင်အလှူရှင်များ စုပေါင်းဆောက်လုပ်လှူဒါန်းသည့် “အောင်သုခ” ပဋ္ဌာန်းဓမ္မာရုံရေစက်သွန်းချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ကိုးနဝင်းအောင်စင်္ကြာစေတီတော်ဝန်း အတွင်း အဆိုပါဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမား များ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစရိတ် လိုအပ်ချက်များအား အထောက်အကူဖြစ်စေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်မှန်း၍ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးလျက်ရှိရာ ယခုအခါ တွင်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းမြို့၌ စာဖတ်ဝိုင်းကျင်းပ
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ အလေ့အကျင့်ကောင်းများ၊ စာပေဗဟု သုတများ ရရှိစေရန်ရည်ရွယ်ပြီး စာရေးဆရာ ဇင်မင်းစိုး(ဗိုလ်ကလေး) ရေးသားသည့် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည့် "စည်းကမ်းဟူသည် လူ့တန်ဖိုး" ဆောင်းပါးကို ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့ဝက်ဒုံကျေးရွာတွင် RS - CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချ ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်
Jun 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်အဖွဲ့များသည် ယနေ့ နံနက် ၉ နာရီက ဝက်ဒုံကျေးရွာတောင်သူဦးတင်ဝင်းလယ်ယာမြေတွင် RS - CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရန် ဘောင်ပျိုး စနစ်ဖြင့် မျိုးစေ့ချ ပျိုးထောင်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဈေးများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးခန်း တွင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jun 24,2021
အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မား စေရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) အသက်(၂၅)နှစ် အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ကမော်လမြိုင်မြို့Southern Myanmar ဘောလုံးကွင်း၌ကျင်းပခဲ့ရာ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ (၁၀) မြို့နယ်မှ ဘောလုံးအားကစားသမား များနှင့် နည်းပြများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26699
Page
26700
Page
26701
Page
26702
Current page
26703
Page
26704
Page
26705
Page
26706
Page
26707
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department