ပင်လည်ဘူး ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းကပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာများကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ရှောင်ကြဉ်ဖွယ်ရာနှင့် ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ၊ ပညာပေးကာတွန်းများကို စိတ်ဝင်စားဖွယ်ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ဌာနဆိုင်ရာများအား လည်းကောင်း ၊ကျောင်းသား/ ကျောင်းသူများ၊လူစည်ကားသောနေရာများဖြစ်သည့် စည်ပင်သာယာစျေးနှင့် လမ်းဆုံများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးဝင်းခိုင်