တပ်ကုန်း ဇွန် ၂၄
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက် အကြောင်းအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက် ၁၀နာရီက အဆိုပါ ဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါ(Talk Show)အစီအစဉ်တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က ပန်းခင်းစီမံချက်အကြောင်းအသိပညာပေး (Talk Show)အစီအစဉ် ဆောင်ရွက်ရသည့်ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဒေါ်ယမင်းထွေးက ပန်းခင်း စီမံချက်ဆောင်ရွက်ပေးရတဲ့ ရည်ရွယ်ချက်နှင့်ဆောင်ရွက်ပေးရမည့် လုပ်ငန်းအစီအစဉ်များ၊ လက်ရှိဒေသတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိ၍ ကိုင်ဆောင်လက်မှတ်မရှိသူ များနှင့် လက်ရှိဒေသမှာ နေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်း၊ ကိုင်ဆောင်လက်မှတ် မရှိသူ များအတွက် ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များ၊ ရွှေ့ပြောင်းနေထိုင်သူများ မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး လက်ရှိဒေသမှာ ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် ရွှေ့ပြောင်း နေထိုင်သူများ မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း၊ကိုင်ဆောင်လက်မှတ် မရှိသူများ အတွက် ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၅၅)အုပ်စုရှိပြီး၊ ကျေးရွာအုပ်စု(၅)အုပ်စု မှ လူဦးရေ(၁၀၀၀)ဦးခန့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပြီးစီးပြီး၊ ကျန်ရှိနေသူများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင် ရာဦးစီးမှူးရုံးမှ သိရသည်။
တင်စိုးလွင်