ဂွ ဇွန် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများသည် အပတ်စဉ် Mobile Library ထွက်ရှိခြင်းနှင့် ၂၀၂၁ ခုနှစ် ၊ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယနေ့ နေ့လည် ၁၁ နာရီက ရုံးဌာနများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော အပြည်ပြည်ဆိုင် ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်တွင်ပါရှိသော အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ် စို့၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းအကြောင်းအရာများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ မူးယစ် ဆေးဝါးနှင့်ပတ်သက်သော ကာတွန်းများအားဝေဝေဆာဖော်ပြထားသော သတင်းစကား လက် ကမ်းစာစောင်များအား ပြည်သူများလေ့လာဖတ်ရှုနိုင်ရန်ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် စာပေဗဟုသုတများပွားများရရှိစေခြင်းအလို့ငှာ စာအုပ်စာစောင်များငှားရမ်းပေးခြင်းများ အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများမှ အဆိုပါနေရာများ သို့သွား ရောက်ကာ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်း