နွေစပါးရွှေသွယ်ရင်း မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစံကွက် စတင်ရိတ်သိမ်း

မန္တလေး      ဇွန်    ၂၄

နွေစပါးရွှေသွယ်ရင်း မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစံကွက် စတင်ရိတ်သိမ်းခြင်းကို ဇွန်လ ၂၃ရက်နေ့ နံနက် ၉နာရီက မန္တလေး၊ အမရပူရမြို့နယ် ဆောက်တောဝကျေးရွာ ကွင်းအမှတ်(၅၈၀)ဦးပိုင်အမှတ်၆၀ ဃ/၁တွင် စတင်ရိတ်သိမ်းခဲ့သည်။

ယင်း မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစံကွက် (၁)ဧကအကွက်ကျယ်စံကွက်ကို ရိတ်သိမ်း ဆောင်ရွက်ခဲ့ရာ (၁)ဧကလျှင်အထွက်တင်း(အစို) ၁၂၅တင်း ထွက်ရှိခဲ့ပြီး အမရပူရမြို့နယ်အနေဖြင့် နွေစပါးကို ဆည်တော်ကြီးဆည်ရေသောက်နှင့် ဒုဌဝတီ မြစ်ရေတင်ခြင်းတို့ဖြင့် စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းရာတွင် မန္တလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးချစ်ဆွေဦး၊ မြို့နယ်ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းဖြိုးအမှတ်(၃)နည်းပညာပေးစင်တာမှူးဦးကိုကိုနှင့်တာဝန်ရှိသူများ၊ တောင်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း ၊ ၂၀၂၁ခုနှစ်နွေစပါးကို (၇၄၈၀)ဧကလျာထားခဲ့သော်လည်း(၇၃၇၆)ဧကသာစိုက်ပျိုးနိုင်ကြောင်းနှင့်ယခုစတင်ရိတ်သိမ်းလျက်ရှိပြီး(၁)ဧကအထွက်နှုန်းများကောင်းမွန်ကာဈေးနှုန်းများလည်းကောင်းမွန်ကြောင်းသိရသည်။

ထိပ်ထားနိုင်