Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းစုမြို့တွင် ကာကွယ်ဆေး မထိုးနှံရသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသူများအား ဇွန်လ(၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့က မြို့နယ်မိုးလုံ လေလုံ အားကစားခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၃)ရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းများ ခင်းပေးနိုင်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေး
Jun 28,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ မြို့ပြနှင့်ကျေးလက် ကွာဟမှု မရှိစေရေးနှင့် ဒေသဖွံ့ဖြိုးမှုများမြန်ဆန်စေရေးအတွက် ကျေးရွာတွင်းကွန်ကရစ်လမ်းများခင်းပေးနိုင်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာ(၃)ရွာသို့ကွင်းဆင်းပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပဲခူးမြို့ရှိ ရန်ကင်းသာပန်းခြံ တည်ဆောက်ပြုပြင်နေမှု အား ကြည့်ရှု
Jun 28,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ကောင်စီဝင် (၂) ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ်တို့နှင့်အတူ ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ ရန်ကင်းသာပန်းခြံ အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအုပ်စုအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ဆောင်ရွက်ပေး
Jun 28,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ (လဝကမှူး) ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး "ပန်းခင်းစီမံချက်ဖြင့်" နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား အပတ်စဉ်ကျေးရွာများသို့ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ(၂၅ ရက်မှ ၂၇)ရက်အထိ (၃)ရက်တိတိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ချောင်းလမု ကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာ၊ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း ၎င်းကျေးရွာ အုပ်စုမှ ကျေးရွာခွဲများရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြာများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်အတွင်းရှိ လမ်းများတိုးတက်ကောင်းမွန်စေရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများဆောင်ရွက်
Jun 28,2021
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ လမ်းများ တိုးတက်ကောင်းမွန်စေရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားလာရေးအ ဆင်ပြေစေရန်အတွက် ကွန်ကရစ်လမ်းများခင်းခြင်း ၊ ရေနုတ်မြောင်းများ ဖော်ထုတ်ပြုပြင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာများ ခင်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့ သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၃ ဒသမ ဝဝ)သန်း ဖြင့်မြို့သစ် မြို့ ၊ ကွက်သစ်ရပ်ကွက် ၊ သရဖီလမ်းလမ်း အရှည်(၈၅၀)ပေ ၊ အ ကျယ်(၁၂) ပေ ၊ ထု(၉) လက်မရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့နယ်တွင် COVID-19ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိ
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း Coronavirus Disease 2019( COVID-19 ) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ပြန့်ပွားမှုမရှိစေရေးအတွက် ပုလဲမြို့အဝင်၌ ကျန်းမာရေးစစ်ဆေး ရေးဂိတ် ဖွင့်လှစ်၍ အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ နွေစပါး စံကွက်ရိတ်သိမ်း
Jun 28,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ နွေစပါးအထွက်နှုန်း စံကွက်ဧက ကွက်ကျယ် ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပုလင်းကြီး ကျေးရွာအုပ်စု၊ သီးပင်ကျေးရွာ ပုလင်း တမံဆည်ရေသောက် ကွင်းအမှတ်-၁၃၀၄၊ ဦးပိုင် ၅၉ တောင်သူ ဦးဇော်မိုးခိုင်၏ ရတနာတိုးစပါး ၅ ဧကစံပြ စိုက်ခင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘောလုံးအသင်း ၈ သင်းဖြင့် မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က ဗိုလ်လုပွဲစဉ်ကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားကော်မတီဝင်များနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26615
Page
26616
Page
26617
Page
26618
Current page
26619
Page
26620
Page
26621
Page
26622
Page
26623
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department